မိတ္ထီလာမြို့၌ ကြိုတင်သတိပေးစနစ်နှင့် သဘာဝဘေးဆိုင်ရာသင်တန်းဖွင့်လှစ်ပို့ချ

မိတ္ထီလာ ဒီဇင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၌ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ  ကြိုတင်သတိပေးစနစ်နှင့် သဘာဝဘေးဆိုင်ရာသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

ရှေးဦးစွာသင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးလွှမ်းမိုးဟန်က အဖွင့်အမှာစကားပြောကြားသည်။  ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းလင်းကျော်က သင်တန်းအောင်မြင်စွာ ဖွင့်လှစ်နိုင်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေးကြသူများအား     ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါသင်တန်းတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲခြင်း၊ ကြိုတင်သတိပေးစနစ်၊ မိတ္ထီလာမြို့၏ ရာသီဥတု၊ ရာသီဥတုနှင့်ကျန်းမာရေး၊ ရာသီဥတုနှင့်ရေအရင်းအမြစ်အသုံးချရေး၊     မြေငလျင်ဘေးသိမှတ်ဖွယ်ရာ သင်ခန်းစာများကို သက်ဆိုင်ရာဌာနများမှ ပညာရှင်များက    တစ်ရက်တာသင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းသို့ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ သင်တန်းသား/သင်တန်းသူ ၅ဝ ဦး တက်ရောက်ကြောင်း သိရသည်။

ချမ်းသာ