ဝမ်းတွင်းမြို့နယ်၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဝမ်းတွင်း ဒီဇင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နှင်းမွန်မွန်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်မေသဲချစ်က အမျိုးသမီးများနှင့် သက်ဆိုင်သောအခွင့်အရေး အကာအကွယ်ပေးသော ဥပဒေအကြောင်းသိကောင်းစရာများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့  မြို့မစခန်းမှူး  ဒုတိယရဲမှူးလေးလှိုင်က အမျိုးသမီးများ လုံခြုံရေးနှင့် သိသင့်သိထိုက်သော အကြောင်းအရာများကို ဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာနှင်းအိအိသွယ်က ရာသီတုပ်ကွေးရောဂါနှင့် မကူးစက်နိုင်သောရောဂါများအကြောင်းကို ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နှင်းမွန်မွန်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်မေသဲချစ်၊ မြို့မစခန်းမှူး  ဒုတိယရဲမှူး လေးလှိုင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာနှင်းအိအိသွယ်၊  ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပြည်သူများ တက်ရောက်ခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)