မိုးကောင်း ဒီဇင်ဘာ ၁၃
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ Book Club အသင်းဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများက ဦးဘုန်း(ဓာတု)ရေးသားသည့် လောကဓံဘောလုံးလေးအတွေး ရသစာစုစာအုပ်ဖြင့် ဒီဇင်ဘာလ (၇)ရက်နေ့ နေ့လယ်(၁)နာရီတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြိုးဖြိုးကြိုင် က စာဖတ်ဝိုင်းကျင်းပရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်အိအိထွန်းက “လောကဓံဘောလုံးလေး”၊ “၂+၂=၅” ခေါင်းစဉ်များဖြင့် စတင်မိတ်ဆက် ဖတ်ကြားဆွေးနွေးသည်။
ဆက်လက်၍ Book Club အဖွဲ့ဝင် ဒေါ်နန်းမြမြမိုးက “လမ်းဘေးခွေး” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Book Club အဖွဲ့ဝင် ဒေါ်မီကိုထွဋ်က ကော်ဖီကြမ်းကြမ်းဘဝချိုချို ခေါင်းစဉ်ဖြင့် လည်းကောင်း ဖတ်ကြားပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများမှ အဆိုပါစာအုပ်မှ သိရှိလိုသည် များကို Book Club အဖွဲ့ဝင်များနှင့် အပြန်အလှန် ဆွေးနွေးကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)