လောင်းလုံးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

လောင်းလုံး ဒီဇင်ဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က (Book Club)အဖွဲ့ဝင်များဖြင့် စာရေးဆရာ ခင်စောတင့်ရေးသားထားသော "စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းက အဆိုပါစာဖတ်ဝိုင်းသို့တက်ရောက်လာသော စာပေချစ်သူ(Book Club) အဖွဲ့ဝင်များအား ကျေးဇူးတင်စကားပြောကြားပြီးနောက် ''စာရေးဆရာ ခင်စောတင့်ရေးသားထားသော "စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာပေချစ်သူ(Book Club)အဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုး(မယ်ပန်းချီ)က အမှာစကား ပြောကြားခြင်းနှင့် လူတန်းစားအလွှာ မခြားနားစေရာခေါင်းစဥ်ဖြင့်လည်းကောင်း၊ Book Club အတွင်းရေးမှူး၊ Dr သိန်းဇော်က စွန့်စားမှုဆီသို့ ခြေတစ်လှမ်းခေါင်းစဥ်ဖြင့်လည်း ကောင်း၊ ဦးစီးအရာရှိဒေါ်သိန်းသိန်းက လမ်းလျှောက်ထွက်ကြမယ် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဦးဆောင်ဆွေးနွေးကာ တက်ရောက်လာကြသည့် စာပေချစ်သူအဖွဲ့များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။

သိန်းသိန်း(လောင်းလုံး)