မြစ်သားမြို့နယ်၌ ဘုန်းတော်ကြီးသင်ပညာရေး အခြေခံပညာအလယ်တန်းကျောင်း(နေရှင်နယ်)ကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသ

မြစ်သား   ဒီဇင်ဘာ  ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရှမ်းပွဲရပ်ကွက်ရှိ ဘုန်းတော်ကြီးသင်ပညာရေးအခြေခံပညာ အလယ်တန်းကျောင်း (နေရှင်နယ်)ကျောင်းတွင် ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ပြသခဲ့သည်။

ရှေးဦးစွာ ဘုန်းတော်ကြီးသင်ပညာရေးအခြေခံပညာအလယ်တန်းကျောင်း(နေရှင်နယ်) ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တနေမိန္ဒမှ ကျောင်း သား၊ ကျောင်းသူများအား ယဥ်ကျေးလိမ္မာမှုရှိစေရန်နှင့် စည်းကမ်းရှိစေရန် အကြောင်းအရာများကို မိန့်ကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ဟောပြောပွဲနှင့်ပြပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာတွင် စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားပြီး ဘဝတိုးတက်အောင်မြင်မှုရရှိလာနိုင်ပုံများ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအပြင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗဟုသုတများစွာရရှိစေရန်၊ ပြည်သူ့စာကြည့်တိုက်သို့လာရောက်ငှားရမ်း ရန် အခက်အခဲရှိနေသည့်   ကျောင်းသား၊ကျောင်းသူများအား (၁၅ )ရက် တစ်ကြိမ်လက်ဝယ် အရောက်ငှားပေးမည့် အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်နှင့် လူငယ်အသိပညာပေးလှုပ်ရှား ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံပြပွဲများကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)