တွံတေး ဒီဇင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင်ကျင်းပပြုလုပ်သော ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ကူးစက်ရောဂါများစောင့်ကြပ်ကြည်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သင်တန်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမျိုးဇော်လှက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းအား မြို့နယ်ဆရာဝန်ကြီးဒေါက်တာမျိုးဇော်လှ၊ မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁)ဦးလှစိုးနှင့် မြို့နယ်ကျန်းမာရေးမှူးအဆင့်(၂)ဒေါ်သန္တာတို့မှ VPDs သင်တန်းဆိုင်ရာများ သင်တန်းပို့ချဆွေးနွေးပြီး Township Level VPDs Training မှ သင်တန်းသား၊ သင်တန်းသူများ အုပ်စုဖွဲ့ဆွေးနွေးကြကြောင်း သိရှိရသည်။
အဆိုပါသင်တန်းသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးပညာရှင်(၁၁၀)ဦး ဒီဇင်ဘာလ(၁၁)၇က်နေ့မှ (၁၂)ရက်နေ့အထိ သင်တန်းဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
တွံတေးသား