ဒလ ဒီဇင်ဘာ ၁၂
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် အမှတ်(၇) အခြေခံပညာမူလတန်းကျောင်းတွင် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အေးမြမိုးက စာပေ၏တန်ဖိုး ခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေး ဟောပြောရာတွင် လူငယ်များအနေဖြင့် စာပေ၏တန်ဖိုးကို သိရှိပြီး ကျောင်းစာသာမက ပြင်ပဗဟုသုတများ ရရှိစေမည့် သုတ၊ ရသ စာပေများကို ဖတ်ရှုလေ့လာသင့်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး၊ လျှပ်စစ်အန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် ဗဟုသုတရဖွယ် သုတ၊ ရသ စာအုပ်များ ခင်းကျင်းပြသထားရာ စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြင့်ဇော်