ပုသိမ်ကြီး ဒီဇင်ဘာ ၁၂
ပုသိမ်ကြီးမြို့နယ်၊ စာရေးဆရာအသင်းက ကြီးမှူး၍ ၁၃၈၅ခုနှစ် မြန်မာနိုင်ငံ စာဆိုတော်နေ့အထိမ်းအမှတ် အသက် (၇၅)နှစ်အထက် သက်ကြီးစာဆို ပူဇော်ပွဲနှင့် ဆောင်းပါးပြိုင်ပွဲ ဆုပေးအပ်ပွဲ အခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ (နိုင်စေရ - မန်းတက္ကသိုလ်) က သက်ကြီးပူဇော်ပွဲနှင့် စာဆိုတော်နေ့ အထိမ်းအမှတ် ဝါသနာရှင်အဆင့် ဆောင်းပါးပြိုင်ပွဲတွင် ဆုများအသီးသီး ရရှိခဲ့သော ပြိုင်ပွဲဝင်များအား ဆုချီမြှင့်နိုင်ရေး စာရေးဆရာအသင်း နာယကများ၊ ဒုတိယ ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)