ကျောက်ဆည် ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း ဆန်စပါးဖူလုံပိုလျှံရေး ဆည်ရေသောက်စနစ်ကို အဓိကအားထားပြီး ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဧရာမင်း၊ မနော်သုခ၊ ရွှေမနော်၊ ဆင်းသုခ မိုးစပါး (၅၂၈၁၇)ဧက စိုက်ပျိုးခဲ့ပြီး ကုလကျေးရွာ ကွင်းအမှတ်(၂၇၂)၊ ဦးပိုင်အမှတ် (၅) တောင်သူ ဦးစိန်အောင်စိုက်ပျိုးထားသော ဧရာမင်းစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အကျိုး အမြတ်ရရှိကြောင်း သိရသည်။
ဧရာမင်းမိုးစပါး တစ်ဧကစိုက်ပျိုးမည်ဆိုပါက မျိုးဖိုးနှင့်ပျိုးထောင်၊ခ(၃)သောင်းခွဲကျပ်၊ မြေပင်ခ(၈)သောင်းကျပ်၊ ပျိုးနုတ်/ပျိုးသယ်၊စိုက်ပျိုးခ(၉)သောင်း၊ မြေခံမြေဩဇာခ(၂)သိန်းခုနှစ်သောင်းကျပ်၊ ပေါင်းနုတ်ခ (၂)သောင်းငါးထောင်ကျပ်၊ ရိတ်သိမ်းခ(၂)သိန်း ငါးသောင်းကျပ် ကုန်ကျပြီး တစ်ဧက အထွက်နှုန်းမှာ တစ်ဧက စပါး(၉၃)တင်းထွက်ရှိပြီး စပါးတစ်တင်းရောင်းဈေးမှာ ငွေကျပ်(၂)သောင်း သုံးထောင်ကျပ် ရောင်းချရသဖြင့် အကျိုးအမြတ်ရရှိကြောင်း တောင်သူ ဦးစိန်အောင်က ပြောပြသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးစပါးများ စိုက်ပျိုးရာတွင် ဇော်ဂျီ၊ ကင်းတား၊ သစ်တက်ကုန်း၊ ဆည်ရေများအပြင် မိုးကောင်းရေသောက်စနစ်၊ မြေအောက်စက်ရေတွင်းစနစ်များဖြင့် အမျိုးမျိုးစိုက်ပျိုးရာ မင်းရဲ စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင်(၅၉၇၀)ဧက၊ သင်းတွဲစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင်(၁၀၁၄၈)ဧက၊ သင်းဒီး စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင်(၉၈၇၃)ဧက၊ ထုံးကြီး စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် (၉၂၄၅)ဧက၊ စမာစိုက်က်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်း တွင် (၈၀၃၂)ဧက၊ တမုတ်စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင်(၉၅၄၉)ဧက၊ စုစုပေါင်း(၅၂၈၁၇)ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။
သက်မောင်ခရိုင် (ပြန်/ဆက်)