လားရှိုး ဒီဇင်ဘာ ၁၂
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ထေရဝါဒဗုဒ္ဓသာသနာထွန်းကားစေရန်ရည်ရွယ်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရအဘိဓမ္မာစာမေးပွဲ၊ အဘိဓမ္မာဂုဏ်ထူးဆောင်စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ဒုတိယနေ့ကို လားရှိုးမြို့၊ ပန်အုပ်ကျောင်းတိုက်တွင် ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က ကျင်းပသည်။
အစိုးရအဘိဓမ္မာစာမေးပွဲ ၊ အဘိဓမ္မာဂုဏ်ထူးဆောင်စာမေးပွဲနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲများ ကျင်းပ ပြုလုပ်နေမှုအခြေအနေများကို စာမေးပွဲကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ပန်အုပ်ကျောင်းဆရာတော် ဘဒ္ဒန္တဇိနောရသာလင်္ကာရနှင့် မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်ကြီးများ၊ ပြည်နယ်သာသနာရေး မှူးရုံးခွဲ (လားရှိုး) မှ ဒုတိယညွှန်ကြားရေးမှူး ဦးနိုင်မောင်မောင်စိုးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါစာမေးပွဲကို လားရှိုးမြို့၊ ပန်အုပ်ကျောင်းတိုက်၌ ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ သုံးရက်တိုင်ကျင်းပနေခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ စာမေးပွဲဒုတိယနေ့တွင် လားရှိုးစာဖြေ ဌာနမှ အဘိဓမ္မာ (ရိုးရိုး) စာမေးပွဲဖြေဆိုသူ ၁၀၄ ဦးဝင်ရောက်ဖြေဆိုကြကြောင်း သိရှိရပါသည်။
စိုင်းထွန်း (လားရှိုး )