(၇‌၆) နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို)လူငယ်ရေးရာ ဟောပြောပွဲ၊ ဓာတ်ပုံ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများ ဆောင်ရွက်

မေတ္တာ    ဒီဇင်ဘာ  ၁၁

တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ (အကြို) အသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံနှင့်နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများကို ယနေ့ နံနက်ပိုင်းက မေတ္တာမြို့၊ လူထုအ‌ခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ပြုလုပ်ခဲ့ သည်။

ရှေးဦးစွာ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍   မြို့ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး (တာဝန်ပေး)က လွတ်လပ်ရေးရရှိအောင်ကြိုးပမ်းဆောင်ရွက်ခဲ့ပုံများ၊  လွတ်လပ်ရေးနေ့ ပေါ်ပေါက်လာပုံ သမိုင်းကြောင်းများ၊ လွတ်လပ်ရေး၏  အရသာ၊ လွတ်လပ်ရေး ရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည့်မျိုးချစ်သူရဲကောင်းများအား အတုယူကြစေရန်နှင့် လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ကာကွယ် ကြရန်လိုအပ် ကြောင်း စသည့်အကြောင်းအရာများအား အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား ကျောင်းသူလေးများအနေဖြင့် အချိန်ကို အကျိုးရှိစွာအသုံးပြုတတ်ရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိ‌စေရန် ခင်းကျင်းပြသထားသော စာအုပ်စာ‌စောင်များအားလေ့လာဖတ်ရှုစေခဲ့သည်။

ထို့နောက်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) ဓာတ်ပုံနှင့် နံရံကပ်စာစောင်များ ပြသထားရာဆရာမများနှင့် ကျောင်းသား ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲနှင့် ပြပွဲများသို့ မေတ္တာ (အ-ထ-က)ကျောင်းမှ ဆရာမများနှင့်ကျောင်းသား‌၊ ကျောင်းသူ(၃၈) ဦးတို့ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

အေးအေးချို