စဉ့်ကူးမြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

စဉ့်ကူး ဒီဇင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲကို စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သီတာထွန်းက ကျပန်းစကားပြောပြိုင်ပွဲ ဒိုင်ချုပ်အဖြစ် ဆောင်ရွက်ပြီး (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ပြိင်ပွဲနှင့် ပတ်သက်သည့် အမှတ်ပေး စည်းမျဉ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ စဉ့်ကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမ (၄) ဦးနှင့် ကျောင်းသား/ကျောင်းသူ (၁၁) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)