မတ္တရာ ဒီဇင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀ နာရီက စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ)ရေးသားသော အမွေခံသူတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသူမြင့်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းဖြင့် လူငယ်လူရွယ်များ အနေဖြင့် စာပေမှအသိပညာဗဟုသုတအကျိုးကျေးဇူးကောင်းများ ရရှိလာနိုင်ကြောင်းဖြင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာပေချစ်သူများအသင်းဥက္ကဋ္ဌ ဦးဇော်ထွန်းဦးမှ မိတ်ဆက်စကား ပြောကြားခဲ့ပြီး စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးသားသော အမွေခံသူတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ပါ အကြောင်း အရာများကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော Youth Clubအဖွဲ့ဝင်များမှ သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)