ပျော်ဘွယ် ဒီဇင်ဘာ ၁၁
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများအသိပညာ ဗဟုသုတရရှိစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(တွင်းရွာ)၌ ကျင်းပခဲ့ကြောင်းသိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက မူးယစ်အစဆေးလိပ်ကဆိုသည့် စကားနှင့်အညီ မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရေးအတွက် ဆောင်ရန်ရှောင်ရန်များ၊ အမှား အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ အသိဉာဏ်ပညာပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာပေလေ့လာ ဖတ်ရှုရမည့်အကြောင်းအရာများ၊ စသည်တို့ကို ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် ဆွေးနွေးဟောပြောသည်
ဟောပြောပွဲပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်အသိပညာပေး စာအုပ်စာစောင်များ၊ နံရံ ကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုငှားရမ်းခဲ့ကြကြောင်း၊ အလားတူ အလကခွဲ(ဆူးချင်ကုန်း)တွင်လည်း အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)