ခရမ်း ဒီဇင်ဘာ ၁၁
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်း အသိပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးနယ်မြေ ခရိုင်(၄)ခုရှိ မြို့နယ်(၄)မြို့နယ်တို့တွင် မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်စက်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အစီအစဉ်အား တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာခြင်း ပထမနေ့အဖြစ် ယနေ့နံနက် (၁၀း၀၀)နာရီအချိန်မှ (၁၅း၀၀) နာရီအချိန်အထိ ခရမ်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းရှိ ဗြဟ္မစိုရ်ခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရမ်းမြို့နယ်မှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ခရမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၅)အုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် စာရေးများ၊ ပညာရေးဝန်ကြီးဌာနမှ ဆရာ/ဆရာမများနှင့် မဲဆန္ဒရှင်ပြည်သူများ စုစုပေါင်း (၄၉၈)ဦး တက်ရောက်ကာ လက်တွေ့စမ်းသပ် မဲပေးလေ့လာခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ရှင်းလင်းပြသ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကိုမင်း (ခရမ်း)