ကျောက်ဆည်မြို့နယ် ရှမ်းသူငယ်ကျေးရွာတွင် ဖွံ့ဖြိုးရေးရန်ပုံငွေများဖြင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေး

ကျောက်ဆည်  ဒီဇင်ဘာ  ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ရှမ်းသူငယ်ကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေများဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကွန်ကရစ်လမ်းခင်းပေးခြင်းလုပ်ငန်းများ အရည်အသွေးပြည့်မီရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်၍ ကျေးရွာလမ်းဖြစ်မြောက်ရေးကော်မတီဦးဆောင်မှုဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ခွင့်ပြုရန်ပုံငွေကျပ်(၁၅၀)သိန်း၊ ပြည်သူထည့်ဝင်ငွေ (လုပ်အား တန်ဖိုး) (၅၇၇၈၀)ကျပ် စုစုပေါင်းငွေကျပ် (၂၀၀)သိန်း ခုနှစ်သောင်း၊ ခုနှစ်ထောင့်ရှစ်ရာကျပ်ဖြင့် အရှည် (၇၁၀) ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မ ကွန်ကရစ်ခင်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ရှမ်းသူငယ်ကျေးရွတွင် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ပြီးစီးပြီဖြစ်၍ အဆိုပါကျေးရွာမှ အိမ်ခြေအိမ်ထောင်စု(၁၀၁)စုမှ ပြည်သူ( ၅၄၂)ဦးတို့၏ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများအပြင် အခြားလုပ်ငန်းများဆောင် ရွက်ရာတွင် ပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)