သံတောင်ကြီးမြို့နယ်တွင် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

သံတောင်ကြီး  ဒီဇင်ဘာ   ၁၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဆန်းဗိုလ်က ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ပါက ပေါင်းစပ်ဆောင်ရွက်ကြရန်၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် လျှပ်စစ်ဓါတ်အားပြတ်တောက်မှုများရှိလျှင် ပြတ်တောက်ရသည့်အကြောင်းအရင်းများကို အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ရန်၊ မြို့တွင်းသန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်း‌ရေးများဆောင်ရွက် ရာတွင်ဌာနဆိုင်ရာများအနေဖြင့် စည်းလုံးညီညွှတ်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်၊ ပွင့်လင်းရာသီရောက်ရှိပီ ဖြစ်ဌာနဆိုင်ရုံးများရုံးတွင်းရုံးပြင်သန့်ရှင်းရေး ဆောင်ရွက်ကြရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာ ကွယ်ဆောင်ရွက်ထားရန် စသည့် အကြောင်းအရာများအားဆွေးနွေးခဲ့ ကြောင်းသိရသည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်နေမှုများ၊ ဆောင်ရွက်မည့် အစီအစဉ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

နော်နော်မူ