ကျောက်တန်းမြို့၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး(Kaeru Caravan)အခမ်းအနား ကျင်းပ

ကျောက်တန်း ဒီဇင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ် ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ကျောက်တန်းမြို့(မြို့မ)အခြေခံပညာအလယ်တန်းကျောင်း၊ ရွှေသန်လျင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်သန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ  ဦးအောင်ကျော်ဝင်းက အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာတာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ ကစားမည့် အသိပညာပေး ဂိမ်းကစားနည်းနှင့် ပစ္စည်းများ လက်တွေ့သရုပ်ပြသမှုများကို လှည့်လည် ကြည့်ရှုခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်သန်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၁၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)