မိုးနဲ ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၃၆၃)အမြောက်တပ်ရင်း၌ အမှတ်(၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ယမန်နေ့ ည ၈ နာရီအချိန်က တေးသီချင်းများ၊ ယိမ်းအကများ၊ Dencer များ၊ တခန်းရပ်ဟာသပြဇာတ်များ၊ မျက်လှည့်/ လက်လှည့်များဖြင့် ၄ နာရီကြာ လာရောက်ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
လာရောက်ဖျော်ဖြေရာတွင် အမှတ်(၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စုပေါင်းအင်အား ၅၃ ဦးဖြင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များအနေဖြင့် ဘဝအမောများ ပြေပျောက်စေရန်အတွက် ပြည့်စုံပါစေ၊ တိုင်းရင်းသူလေးကျွန်မ၊ ငြိမ်းချမ်းရေးပန်းခင်း၊ ငွေသုန္ဒရီ၊ အသည်းစွဲ၊ အသည်းကွဲတော့မငိုနဲ့ အစရှိသည့် တေးသီချင်းများနှင့် လူကြိုက်များသော ခေတ်ပေါ်သီချင်းများ၊ ဆန်းသစ်လှပသေတ္တာအက (မင်းသားအက)၊ (ဆီမီးခွက်ယိမ်း)၊ ပျော်ရွင်မြူးကြွပခမ်းမြို့စားအက(ပခမ်းယိမ်း)၊ ရှမ်းအိုးစည်သံမိုးသို့ညံ (ရှမ်းယိမ်း)၊ Cute Girls၊ On The Floor၊ Tik Tok Songs၊ Baby Monstar၊ Kill The Love အစရှိသည့် Dencer များ၊ ဦးရွှေမှန် တစ်ခန်းရပ်ပြဇာတ်နှင့် မျက်လှည့်/ လက်လှည့်ပြဇာတ်များကို ဖျောဖြေခဲ့ကြရာ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး တိုးဝင်းဖေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကြွရောက်လာသော ဧည့်ပရိတ်သက်များက ဂုဏ်ပြုစုငွေများ အသီးသီးချီးမြင့်ခဲ့ကြပြီး အမှတ်(၃၆၃) အမြောက်တပ်ရင်းနေ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး တိုးဝင်းဖေမှ ဂုဏ်ပြုဆုငွေပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖျော်ဖြေပွဲသို့ တပ်နယ်မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အမှတ်(၃၆၃)၊ အမှတ်(၅၁၈)၊ အမှတ်(၂၄၈) တပ်ရင်များမှ အရာရှိ၊ အရာခံအကြပ်စစ်သည်များနှင့် တပ်မိသားစုဝင်းများ၊ ဝမ်ဟေအုပ်စု ပန်လော့ကျေးရွာနေပြည်သူများ စုပေါင်းအင်အား (၂၀၀)ဦးကျော် လာရောက်ကြည့်ရှုခဲ့ကြပြီး ဖျော်ဖြေပွဲကို (၂)ရက်တာ တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)