မိုးနဲ ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နားလင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ဘကအလှူငွေများကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထိုသို့သွားရောက်လှူဒါန်းရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဝိဇ္ဇာရိယဘုန်းတော်ကြီးသင် ပညာရေးကျောင်း(ခွဲ)၊ နားလင်းဘုန်းတော်ကြီးကျောင်းရှိ ကျောင်းသား/သူများ စားဝတ်နေရေး အဆင်ပြေစေရန်၊ စာသင်သားများနှင့် စာသင်သံဃာတော်များ နေရေးထိုင်ရေးနှင့် လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် ဌာနဆိုင်ရာများမှ လစဥ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သွားရောက်လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် စုပေါင်းလှူဒါန်းမှုမှရရှိသော အလှူငွေ စုစုပေါင်းကျပ် ငါးသိန်းနှစ်ထောင်၊ ဦးအောင်ကျော်ကျော် မိသားစုနှင့် ဦးထွန်းဝင်း မိသားစုတို့မှ ငွေကျပ်တစ်သိန်းစီကို ပေးအပ်လှူဒါန်းခဲ့ရာ ဝိဇ္ဇာရိယဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္ဒမာဃိန္ဒက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)