ကရသူရိမြို့၌ ကျောင်းသား/ သူ ကလေးငယ်များအား ကာယ၊ ဉာဏစွမ်းရည်နှင့်ပြိုင်ပွဲများကျင်းပ

ကရသူရိ ဒီဇင်ဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ကျောင်းသား/သူကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံးညီညွတ်စေရေး ကာယ၊ ဉာဏစွမ်းရည်နှင့် ပြိုင်ပွဲများကျင်းပခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။

ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးဒေါ်အေးအေးသန်းက ပြိုင်ပွဲပြုလုပ်ရခြင်းနှင့် ပြိုင်ပွဲစည်းကမ်းချက်များကို ပြောကြားပြီး ကျောင်းသား/သူကလေးငယ်များက မိမိစိတ်ဝင်စားရာ ဆေးရောင်ခြယ်ခြင်း၊ ဘောလုံးဆက်ခြင်းနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ ကို အသီးသီးယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

ပြိုင်ပွဲများ ကျင်းပပြုလုပ်ခြင်းသည် ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားခြင်း၊ ကာယ/ဉာဏစွမ်းရည်များပြည့်ဝခြင်း၊ တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်တတ်ခြင်းနှင့် စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုခြင် အလေ့အကျင့်ရစေရန် ကျင်းပပြုလုပ်ခြင်းဖြစ်ရာ အဆိုပါသို့ ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ (၃၀)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

ကရသူရိ(ပြန်/ဆက်)