ပုလော ဒီဇင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ ဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ပုလောမြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကျန်းမာရေးစစ်ဆေးမှုပေးရာတွင် ပုလောမြို့နယ်ဆရာဝန်ကြီး ဒေါက်တာပြုံးချို ဦးဆောင်လျက် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ဆရာတော်ကြီးများနှင့် သီလရှင်ဆရာတော်ကြီးများကို သွေးပေါင်ချိန်ခြင်း၊ နှလုံး EGC ရိုက်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ပေးခြင်းနှင့် ဆီချိုသွေးချို စစ်ဆေးပေးခြင်းစတဲ့ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာများကို မေတ္တာဖြင့် စစ်ဆေးမှုပြုခဲ့ကြောင်းနှင့် အဆိုပါ ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ရာသို့ ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက လာရောက်ကြည့်ရှုဖူးမြော်၍ လှူဖွယ်ပစ္စည်းများဖြင့် ဆက်ကပ်လှုဒါန်းခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)