မိုင်းတုံမြို့၌ ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

မိုင်းတုံ ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာနိုင်သည့် စာဖတ်ပရိသတ်များ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များ အကျိုးရှိစွာအသုံးချတတ်စေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အထရှိလာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀:၃၀)နာရီက ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ခိုင်သွယ်ကဦးဆောင်၍ ဝန်ထမ်းများက သုတ၊ ရသစာအုပ်ပေါင်း(၅၀)ကို သယ်ဆောင်၍ ဌာနဆိုင်ရာရုံးများရှိ စာဖတ်ပရိသတ်များထံ ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းဆောင်ရွက်ကာ စာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မျိုးကျော်စိုး(ပြန်/ဆက်)