မဟာအောင်မြေမြို့နယ်၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ရပ်ကွက်သူ၊ ရပ်ကွက်သားများ၏ ပထမအကြိမ် စုပေါင်းမဟာဘုံကထိန်ကျင်းပ

မဟာအောင်မြေ ဒီဇင်ဘာ ၁၁

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ရပ်ကွက်သူ ရပ်ကွက်သားများ ကြီးမှူးကျင်းပသော ပထမအကြိမ် စုပေါင်းမဟာဘုံကထိန်အား ယနေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းမဟာဘုံကထိန်ကို စိန်ပန်းရပ်ကွက် "ဇောတိကာရာမ မြောက်ခရေပင်" ကျောင်းတိုက်အတွင်းရှိ ဆရာတော်၊သံဃာတော်များနှင့် မဟာအောင်မြေမြို့နယ်အတွင်းရှိ ကျောင်းတိုက် (၁၀)တိုက်မှ ဝါဆိုဝါကပ်တော်မူကြကုန်သော သံဃာတော်အရှင်သူမြတ်များအား "ကထိန်လျာမြတ်သင်္ကန်း" ဆက်ကပ်လှူဒါန်း‌ပေးခဲ့ရာ စုပေါင်းမဟာဘုံကထိန်ကို "ကြယ်တစ်ပွင့်" ရှမ်းအိုးစည်းအဖွဲ့မှ ရိုးရာအကများဖြင့် ကူညီပါဝင် သီဆိုကပြ၍ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဉက္ကဋ္ဌ ဦးတင်မြင့်ဦးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး စုပေါင်းမဟာ ဘုံကထိန်အား မြသပိတ်၊ သင်္ကန်း၊ထီး၊ဖိနပ်၊ စောင်၊ မွေ့ရာ၊ တံမြက်စည်း စသည့်လှူဖွယ်ပစ္စည်း တန်ဖိုး (၁၃,၀၀၀,၀၀၀)ကျပ်နှင့် ဝတ္ထုငွေ (၈,၂၅၅,၀၀၀)ကျပ် စုစုပေါင်း (၂၁,၂၅၅,၀၀၀)ကျပ်အား ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား ဆက်ကပ်လှူဒါန်း‌ပြီး ကထိန်အနုမောဒနာ တရားတော်ကို " ဇောတိကာရာမ မြောက်ခရေပင်" ကျောင်းတိုက် ဆရာတော်ဦးဇောတိကမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြတ်သူမိသားစုနှင့် ကြွရောက်လာသော ရပ်ကွက်သူ၊ ရပ်ကွက်သားများအား ရေစက်ချတရားတော်အားချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း