မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)ဖြင့် စာဖတ်ဝိုင်းကျင်းပ

မိုင်းခုတ် ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်း၍ ယမန်နေ့ နေ့လယ် (၁၁:၃၀)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဒေါက်တာခင်မောင်ညိုရေးသားသော "လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း"စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သီတာအေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ အများပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အထများဖြစ်ပေါ်စေရေးနှင့် လူငယ်များအနေဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိစေရေးအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း လူ့ဘဝကခက်ခဲပါတယ်။ ရထားသောဘဝကို ကျေနပ်သူတွေရှိသလို မကျေနပ်သူတွေလဲ အများကြီးရှိပါတယ်။ စင်စစ်အားဖြင့် ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ လက်ခံရမှာဖြစ်တယ် အဲ့ဒါဟာဘဝပါပဲ ဒါကြောင့်အခုတက်ရောက်လာတဲ့လူတွေဟာ မြော်မြင်တတ်သူလူတစ်ယောက်ဖြစ်ခဲ့လျှင် ဘဝကိုပျော်ရွှင်စွာ လက်ခံသင့်တယ်ထင်ပါတယ်။ လူငယ်တွေအနေနဲ့ကမ္ဘာကြီးကို ဘယ်လိုအကျိုးပြုကြမှာလဲ ကမ္ဘာကြီးက စောင့်ဆိုင်းနေပါကြောင်း​ကို ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက" အောင်မြင်ဖို့တည်ဆောက်ခြင်းနှင့်အမြင်များ"၊ "မှားမှာကိုမကြောက်ပါနဲ့"၊ "လူငယ်နှင့်သဘာဝဘေးအန္တရာယ်"၊ "အမြင်တွေနဲ့တည်ဆောက်ခြင်း"၊ "လူငယ်နှင့်အလှအပ" စသည့်ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း စာအုပ်ပါအကြောင်းအရာများကို ၀င်ရောက်ဖတ်ရှုဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။

စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လစဥ်ကျင်းပပြုလုပ်လျက်ရှိ​ပြီး စိတ်ပါ၀င်စားသူများအနေဖြင့် တက်ရောက်လေ့လာနိုင်ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)