မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အသိပညာပေးဟောပြောပွဲနှင့် စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

မိုင်းစံ ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ကျောင်းသား၊ ကျောင်းသူများ၊ အသိဉာဏ်ပညာ၊ ဗဟုသုတဖွံ့ဖြိုးရေးအတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စကားပုံဆက်ပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းစံမြို့ရုံးမှ မြိုးဦးစီးမှူး  ဒေါ်ဥမ္မာထွေးမှ ကလေးအလုပ်သမားပပျောက်‌‌ရေး၊ ကလေးသူငယ်နှင့် ကလေးအလုပ်သမားတို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးလုပ်သားဖြစ်ရခြင်း အကြောင်းအရင်းများ၊ ကမ္ဘာပေါ်နှင့် မြန်မာနိုင်ငံတွင် ကလေးလုပ်သားပေါင်းမည်မျှရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကလေးလုပ်သားပပျောက်ရေးနှင့်ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ အဆိုးရွားဆုံးပုံစံဖြင့် ကလေးများကို ခိုင်းစေခြင်းတွေကဘာတွေလဲ ကလေးလုပ်သားပပျောက်ရန် လုပ်ဆောင်နေမှုများကို မိုင်းစံမြို့ ဝမ်လီကျာင်းမှ ကျောင်သား၊ ကျောင်းသူများကို အသိပညာပေးဆွေးနွေး‌ဟောပြောခဲ့သည်။

ဆက်လက်၍ စကားပုံဆက်ပြိုင်ပွဲကို ကျင်းပခဲ့ရာ မိုင်းစံမြို့ ဝမ်လီကျာင်းမှ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို မိုင်းစံမြို့ရုံးမှ   မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြာင်း သိရသည်။

မိုင်းစံ(ပြန်/ဆက်)