မိုင်းပျဉ်းမြို့၌ မြို့နယ်အဆင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မိုင်းပျဉ်း ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက မိုင်းပျဥ်းမြို့ အခြေခံပညာအထက်တန်ကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကို မိုင်းပျဥ်းမြို့နယ် ဒုမြို့နယ်ပညာရေးမှူး ဦးကျော်လွင်က ဦးစီးကျင်းပ၍ မိုင်းပျဥ်းမြို့ပေါ်ရှိ အခြေခံပညာကျောင်း(၃)ကျောင်းမှ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ကဗျာဝင်ရောက်ယှဉ်ပြိုင်သူ(၈)ဦး၊ စာစီစာကုံးဝင်ရောက်ယှဉ်ပြိုင်သူ(၁၄)ဦး စုစုပေါင်း(၂၂)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရန်နောင်ထွန်း(ပြန်/ဆက်)