တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာစာဖြေဌာနများ၌ အဘိဓမ္မာဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမင်္ဂ စာမေးပွဲဖြေဆို

ထားဝယ် ဒီဇင်ဘာ ၁၀

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက နှစ်စဉ်ကျင်းပလျက်ရှိသော (၇၀) ကြိမ်မြောက် အဘိဓမ္မာစာမေးပွဲ၊ (၆၇)ကြိမ်မြောက် အဘိဓမ္မာဂုဏ်ထူးဆောင် စာမေးပွဲနှင့် (၆၅)ကြိမ်မြောက် ဝိသုဒ္ဓိမင်္ဂစာမေးပွဲကို တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာ စာဖြေဌာနများ၌ ဒီဇင်ဘာ(၉)ရက်နေ့မှ(၁၁)ရက်နေ့အထိ ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက်တိုင်းဒေသကြီး ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီးတွင် သီလရှင် (၁၈)ပါး၊ လူပုဂ္ဂိုလ် (၁၃) ဦး၊ မြိတ်မြို့၊ သာသနာ့ ဗိမာန်တော်တွင် သီလရှင်(၃၃)ပါးနှင့် လူပုဂ္ဂိုလ်(၄)ဦး၊ ပုလောစာဖြေဌာန၊ လယ်ဝိုင်းကျောင်းတိုက်တွင် သီလရှင် (၃)ပါးနှင့် လူပုဂ္ဂိုလ်(၂၃)ဦး ဖြေဆိုလျက်ရှိရာ မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများနှင့် သာသနာရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါစာဖြေဌာနများတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက အချိုရည်နှင့် ရေသန့်ဘူး လှူဒါန်းလျက်ရှိကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)