မန္တလေး ဒီဇင်ဘာ ၁၀
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအားကစားလ (ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၆၆ လမ်း၊ ၁၉ လမ်း (နန်းမြို့ရိုးနှင့်ကျုံးအတွင်းရှိ ရတနာပုံဥယျာဉ်တွင် ယမန်နေ့နံနက် ၆ နာရီကကျင်းပပြုလုပ်သည်။
အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၁၅၀၀ ဦးခန့် ပါဝင်ဆင်နွဲကြသည်။
ရှေးဦးစွာ နံနက် ၆ နာရီတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ အားကစားလ (ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲအား သေနက်ပစ်ဖောက်ကာတာလွှတ်ပေးသည်။
ထို့နောက် ဦးထိပ်တံတားမှစတင်ကာ ရတနာပုံဥယျာဉ်အတွင်းမှ ကျုံး၏အရှေ့တောင်ထောင့်အထိ တပျော်တပါးစုပေါင်းလမ်းလျှောက်ခဲ့ကြပြီး၊ ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းအတွဲ (၁/၂) တိုဖြင့် ကိုယ်လက်လှုပ်ရှားအားကစားများပြုလုပ်ကြပြီး Fitess Dance ပြုလုပ်ကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)