မိတ္ထီလာ ဒီဇင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး တစ်လုံးထိုးဒီဇယ် အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်း ဒုတိယအကြိမ် မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအအနားကိုယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ဆည်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင်က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်မှ စတင် ၍ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်းတီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီးမံကိန်းကို တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၅ ခုရှိ ကျေးရွာ ၁၅၅ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်ရှိရာ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ တစ်လုံးထိုးဒီဇယ် အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ် သင်ကြားခြင်းဖြစ်ပါကြောင်း၊ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်ကတော့ ဒီဒေသတွေမှာ အလုပ်အကိုင်အခွင့်အလှမ်းတွေပေါ်ထွန်းလာစေဖို့၊ မိသားစုဝင်ငွေတိုးပြီးလူမှုစီးပွားဘဝမြင့်မားလာစေဖို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းအသစ်များ ပေါ်ထွန်းလာစေဖို့၊ ထူထောင်လည်ပတ်လျက်ရှိတဲ့ လုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် နည်းပညာအကူအညီပေးဖို့နှင့် လုပ်ငန်းမထူထောင်နိုင်သေးသော်ငြား အသိပညာ ဗဟုသုတတိုးပွားလာအောင် ဖွင့်လှစ်သင်ကြားပေးခြင်းပါကြောင်း၊ သင်တန်းဖွင့်လှစ် သင်ကြားပေးရာတွင် ဒုတိယအကြိမ်အဖြစ် မွမ်းမံသင်တန်းကို သင်တန်းသား(၁၅)ဦးဖြင့် သင်တန်းကာလာကို ၈ရက်နေ့မှ ၁၄ ရက်နေ့အထိ (၇)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်သည်။
၎င်းသင်တန်းကို စီမံကိန်းရန်ပုံငွေသိန်း ၁၀၀ အသုံးပြုပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ ငွေကျပ် သိန်း(၅၀)ကို သင်တန်းကာလအတွင်း အသုံးပြုသွားမည်ဖြစ်ပြီး ကျန်ရှိသည့် ငွေကျပ်သိန်း (၅၀)အား သင်တန်းသားများထဲမှ လုပ်ငန်းထူးထောင်လိုသူ (၅)ဦးအား စိစစ်ရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ် ၁၀သိန်းနှုန်းနှင့် ညီမျှသည့် လုပ်ငန်းသုံး စက်ပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)မှ ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)