ချမ်းမြသာစည် ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အား/ကာသိပ္ပံလေ့ကျင့်ရေးကွင်းတွင် (၂၀၂၃–၂၀၂၄) ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန်စာမေးပွဲ ကိုယ်ကာယကြံ့ခိုင်ရေးစစ်ဆေးခြင်းများကို ယမန်နေ့နံနက် ၇ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုယ်ကာယကြံ့ခိုင်ရေးစစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်းများမှ ကျောင်းသား/သူများမှ အပြေးမီတာ ၁၀၀ (ကျား/မ)၊ လက်ထောက်တွန်းတင် (၂ မိနစ်)၊ အလျားခုန်၊ အိပ်ထမတင်၊ အပြေးမီတာ ၈၀၀ (ကျား)၊ မီတာ ၄၀၀ (မ) စသည့် Physical (5) မျိုးစစ်ဆေးခြင်းတို့အား ကာယဆရာ/ဆရာမများ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ဒိုင်အဖွဲ့များက လူရည်ချွန်စိစစ်ရွေးချယ်ရေးအတွက် ချမှတ်ထားသော စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း/စည်းကမ်းများ၊ ရွေးချယ်ရေးဆိုင်ရာ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချမ်းမြေ့