မိုင်းပန်မြို့နယ်၌ U-12 မြို့နယ်ပညာရေးမှူးဖလား ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲ ဖွင့်ပွဲစတင်ကျင်းပ

မိုင်းပန် ဒီဇင်ဘာ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် U-12 မြို့နယ်ပညာရေးမှူးဖလား ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို မြို့နယ်အခြေခံပညာ အထက်တန်းကျောင်း ဘောလုံကွင်း၌ ယနေ့ နံနက် ၈ နာရီအချိန်က စတင်ကျင်းပခဲ့သည်။

ရှေးဦးစွာ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက ဘင်ခရာဖြင့် တီးမှုတ်ပြီး မြို့နယ် ပညာရေးမှူး ဦးအောင်မင်းအား အလေးပြု၍ ဘောလုံးဖွင့်ပွဲစတင်ဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်ပညာရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ အဆိုပါ ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲတွင် ဖွင့်ပွဲအခမ်းအနားအဖြစ် အ.ထ.က (မိုင်းပန်)အသင်းနှင့် တောင်ကိုင်းအုပ်စုအသင်းတို့က စတင် ယှဉ်ပြိုင်ခဲ့ကြရာ အ.ထ.က (မိုင်းပန်)အသင်းက တောင်ကိုင်းအုပ်စု အသင်းအား (၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

နော်မှိုင်း(ပြန်/ဆက်)