မန္တလေးကွန်ဗင်းရှင်းစင်တာတွင် မန္တလေး စိုက်ပျိုးမွေးမြူရေးနှင့် စက်ပစ္စည်းပြပွဲ ၂၀၂၃ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ချမ်းမြသာစည် ဒီဇင်ဘာ ၉ 

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၁x၇၂လမ်းကြား၊ ၁၀၁လမ်း (သိပ္ပံလမ်း)ရှိ မန္တလေးကွန်ဗင်းရှင်းစင်တာတွင် မန္တလေးစိုက်ပျိုး မွေးမြူရေးနှင့် စက်ပစ္စည်းပြပွဲ ၂၀၂၃ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀:၀၀ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌကိုယ်စား ဒုဥက္ကဋ္ဌ ဒေါက်တာ ခင်လှိုင်က အမှာစကား ပြောကြားခဲ့သည်၊၊ ဆက်လက်ပြီး ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများမှ ပြပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် ခင်းကျင်းပြသထားသော ပြခန်းများအား လိုက်လံကြည့်ရှု ခဲ့ကြသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ မန္တလေးတိုင်း‌ ဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ မွေးမြူ‌ရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြား‌ရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်း၊စက်မှုလယ်ယာဦးစီးဌာန ဒုတိယညွှန်ကြား‌ရေးချုပ် ဦးဇော်ခင်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ‌ရေးဦးစီးဌာန ဒုတိယညွှန်ကြား‌ရေးမှူးချုပ် ဦးထွန်းကျော်စိုး၊ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဌ ဦးမောင်မောင်ဦး၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ခင်လှိုင်၊ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမာန် ထုတ်လုပ်သူများအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ မန္တလေးစက်မှုဇုံ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်လှ၊ မြန်မာနိုင်ငံ လယ်ယာသုံးစက်ကိရိယာလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးအောင်အောင်၊ ဖိတ်ကြားထားသော အသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊  ပြပွဲတွင် ဝင်ရောက်ပြသသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါ ပြပွဲအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့ မှ  ၁၀ ရက့်နေ့ထိ နေ့စဉ်နံနက် ၁၀း၀၀နာရီ မှ ၁၇း၀၀ နာရီ အချိန်ထိ ဖွင့်လှစ်ပြသပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ချမ်းမြေ့