ပိုင်ကျုံ ဒီဇင်ဘာ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို ကျောင်းသား/သူလေးများကဒို့ကျောင်းတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီးနောက် လှိုင်းဘွဲမြို့နယ်၊ မြို့နယ်လက်ထောက်ပညာရေးမှူး ဦးမျိုးမြင့်ထွန်းမှ ကျောင်းတစ် ကျောင်းဖွံ့ဖြို့းတိုးတက်ဖို့အတွက် မိဘ/ဆရာ စည်းလုံးညီညွတ်မှုရှိရန်လိုအပ်သည့် အချက် များကိုလည်းကောင်း၊ ပိုင်ကျုံမြို့မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်မှ ရပ်ရွာအေးချမ်း သာယာရေးနှင့် လုံခြုံရေးကဏ္ဍများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိဒေသကို ချစ်မြတ်နိုးသည့်ပညာတတ်များ ပေါ်ထွက်လာစေရန်လိုအပ်ကြောင်းကိုလည်းကောင်း၊ ပိုင်ကျုံမြို့ အ-ထ-ကကျောင်းမှ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးစောအယ်ခရစ်မှ ကျောင်းကောင်မတီးအဖွဲ့များ ကျောင်းသားမိဘများ ဆရာ/မများသည် မိမိကျောင်းတော်ကြီး၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် အခန်းကဏ္ဍများကို စိတ်ရှည်၊ သည်းခံ၊ မေတ္တာစေတနာထားပြီး ဆောင်ရွက်ဖြစ်ကြောင်းကိုလည်းကောင်း အသီးသီးအမှာစကားပြောကြားပြီး မိဘဆရာအသင်းနှစ်ပတ် လည်အစည်းအဝေးနှင့် ပညာရည်ချွန် ဆုချီးမြှင့်ပွဲ ဆောင်ရွက်နိုင်ရေးအတွက်အဘက်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးသူအားလုံးကို ပိုင်ကျုံမြို့ အ-ထ-က ကျောင်းမှကျောင်းအုပ်ဆရာမကြီးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ယင်းနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်စွာဖြေဆိုအောင်မြင်သည့် ကျောင်းသား/သူများအား တာဝန်ရှိသူများတို့မှ ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပိုင်ကျုံမြို့ အ-ထ-ကကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက အခမ်းအနားတွင် တက်ရောက်လာကြသည့် တာဝန်ရှိပုဂ္ဂိုလ်များကို သရုပ်ဖော်တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)