သံတောင်ကြီးဒေသထွက် ကွမ်းသီးများ အထွက်နှုန်းကောင်းသော်လည်း ဝယ်လိုအား ကျဆင်း

သံတောင်ကြီး ဒီဇင်ဘာ ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအနေနှင့် အဓိက လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ  ယခုနှစ်တွင် သံတောင်ကြီးဒေသထွက် ကွမ်းသီးများ အထွက်နှုန်းကောင်းသော်လည်း ဝယ်လိုအား ကျဆင်းကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် ကွမ်းသီးစိုက်ပျိုးတောင်သူများအနေဖြင့် တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းအတွက် ကွမ်းပင်များကို စိုက်ပျိုးလျက်ရှိပြီး ကွမ်းသီးပင်များကို စိုက်ပျိုးသည့် အချိန်မှစကာ အပင်သက်တမ်း ()နှစ်တွင် စတင်သီးပြီး အသီးရင့်မှည့်သည့် အောက်တိုဘာမှ  ဒီဇင်ဘာလတွင် ခူးယူ ရောင်းချလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွမ်းသီးပင်တစ်ပင်လျှင် အရင့်မှည့်သီးများကို နှစ်ပြန်အထိ ခူးယူလေ့ရှိပြီး ယခင် ကွမ်းသီးအစို တစ်ပိဿာ ကျပ်(၂၅၀၀)မှ ကျပ်(၃၀၀၀)ထောင်အထိ ဈေးကောင်းများ ရရှိသော်လည်း ယခုနှစ်တွင် ကွမ်းသီးအစို တစ်ပိဿာ ကျပ်(၁၀၀၀)မှ ကျပ်(၁၂၀၀)သာ ရရှိသည့်အတွက် ကွမ်းသီးစိုက်ပျိုးတောင်သူများအနေဖြင့် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။

စောမင်းသား(ပြန်/ဆက်)