မိုးကြိုးကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းပေးခြင်းကြောင့် အိမ်ထောင်စု(၁၁၀)စု၏ လူမှုဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်

ကျောက်ဆည် ဒီဇင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်သူလူထုကိုယ်တိုင် ကျေးရွာများ၏ ပကတိလိုအပ်ချက်များကို ဖော်ထုတ်ပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျစုပေါင်းပြီး ကဏ္ဍစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ် ဖြစ်ပေါ် လာစေရန်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ မိုးကြိုးကုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခင်းပေးခြင်းကြောင့် အိမ်ထောင်စု(၁၁၀)စု၏ လူမှုဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်ခြင်းခြင်းလုပ်ငန်းများကို နိုင်ငံတော်၏ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ခွင့်ပြုရန်ပုံငွေကျပ်(၁၅၀)သိန်း၊ ပြည်သူထည့်ဝင်ငွေ(လုပ်အားတန်ဖိုး) (၅၇၇၈၀)ကျပ် စုစုပေါင်းငွေကျပ် (၂၀၀)သိန်း ခုနှစ်သောင်း၊ ခုနှစ်ထောင့်ရှစ်ရာကျပ်ဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကြီးကြပ်မှု၊ မိုးကြိုးကုန်းကျေးရွာလမ်း ဖြစ်မြောက်ရေးကော်မတီ ဦးဆောင်မှုဖြင့် လမ်းအရှည်(၇၁၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မ ကွန်ကရစ်ခင်းခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၊ မိုးကြိုးကုန်းကျေးရွာ၏ ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်ခြင်းကြောင့် အဆိုပါ ကျေးရွာမှ အိမ်ခြေ(၁၀၀)အိမ်၊ အိမ်ထောင်စု(၁၁၀)စု၊ လူဦးရေ(၅၃၅)ဦးတို့၏ လူနေမှုအဆင့်အတန်းများ မြင့်မားလာပြီး လူမှုဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)