ဝမ်းတွင်းမြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခြင်းပြိုင်ပွဲများကျင်းပ

ဝမ်းတွင်း ဒီဇင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခြင်းပြိုင်ပွဲများကို ယနေ့နံနက်(၈)မိနစ် အချိန်မှစတင်ကာ  မြို့နယ်အားကစားကွင်းအတွင်း၌ ကျင်းပြုလုပ်ခဲ့သည်။

မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခြင်းပြိုင်ပွဲများ ကျင်းပရခြင်းနှင့်ပတ်သက်၍ ဆရာဦးမြင့်နိုင်က ကျောင်းသား/ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကိုယ်ကာယကြံ့ခိုင်မှု(၅)မျိုး စစ်ဆေးခြင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကိုယ်ကာယကြံ့ခိုင်မှု(၅)မျိုးကို စစ်ဆေးရာတွင် မီတာ(၁၀၀)အပြေး ကျား/မ၊ လက်ထောက်တွန်းတင်ကျား/မ၊ ရပ်ခုန်ကျား/မ၊ အိပ်ထ-မတင်ကျား/မ၊ မီတာ၄၀၀အပြေး()၊ မီတာ ၈၀၀ အပြေး(ကျား)စသည့်ပြိုင်ပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူ  (၉၀)ဦးက ပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)