တနင်္သာရီမြို့နယ် (Community Centre)ခန်းမတွင် (၁၀၃)နှစ်မြောက်၊ အမျိုးသားအောင်ပွဲ နေ့ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ အခမ်းအနားပြုလုပ်

တနင်္သာရီ ဒီဇင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၂၀၂၃ခုနှစ်၊ (၁၀၃)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲ အခမ်းအနားကို တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက် ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ရာ အ-ထ-က-တနင်္သာရီကျောင်း Grade-5 အတန်းမှကျောင်းသူ/သား (၁၈)ဦး တက်ရောက်လေ့လာကြကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းကကျောင်းသူ/သားများ ငယ်စဉ်ဘဝမှစ၍မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်စေရေးအတွက် ဟောပြောပွဲပြု လုပ်ရခြင်းရည်ရွယ်ချက်နှင့် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာ ပုံသမိုင်း၊ ၂၀၂၃ခုနှစ် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ အမျိုးသားဝေါဟာရဆိုင်ရာ အရည်အချင်း(၄)ရပ်နှင့် အမျိုးဂုဏ်နှင့် ဇာတိ ဂုဏ်အကြောင်းအရာများကို ပညာပေးဟော ပြောဆွေးနွေးပေးကြောင်း သိရသည်။

 ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့်ကျောင်းသူ/သားများက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း ခင်းကျင်းပြသထားသော (၁၀၃)နှစ်မြောက်၊ အမျိုးသားနေ့ဆိုင်ရာနံရံကပ်စာစောင်နှင့် ဗဟုသုတရဖွယ်သုတ/ရသစာအုပ်များကို စိတ်ဝင်တစားလေ့လာကြကြောင်း သိရသည်။

ထို့နောက် အဆိုပါကျောင်းသူ/သားများအား မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးမှူးနှင့် ဝန်ထမ်းများက လက် ဖက်ရည်နှင့် ကောက်ညှင်းပေါင်းဖြင့် ဧည့်ခံကျွေး မွေးပေးကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)