နမ့်စန်တွင် မြို့နယ်ပညာရေးမှူးဖလား အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ရှုံးထွက်(ကွာတားဖိုင်နယ်)ပွဲစဉ်များ ဆက်လက်ကျင်းပ

နမ့်စန်() ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကျင်းပလျှက်ရှိသော မြို့နယ်ပညာရေးမှူးဖလား အသက်()နှစ်အောက် ကျောင်းပေါင်းစုံ  အမျိုးသားဘောလုံးပြိုင်ပွဲ ရှုံးထွက် (ကွာတားဖိုင်နယ်) ပွဲစဉ်များကို ယနေ့နံနက် ၈ နာရီက မြို့နယ်ကျောက်တိုင်အားကစားကွင်းတွင် ကျင်းပခဲ့ရာ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကွာတားဖိုင်နယ် ပထမပွဲစဉ်အဖြစ် အ.လ.က(ခွဲ)တာဆိုင်း ဘောလုံးအသင်းနှင့် မူလွန်(အမှတ်-၉) ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အ.လ.က(ခွဲ)တာဆိုင်း ဘောလုံး အသင်းက ၁၀ ဂိုး ၁ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဒုတိယပွဲစဉ်တွင် အ.ထ.က(မြို့မ) ဘောလုံးအသင်းက အ.လ.က-ခွဲ(၃-ရပ်ကွက်) ဘောလုံးအသင်းကို ၄ ဂိုး၁ဂိုးဖြင့် အနိုင်ရခဲ့သည်။

အဆိုပါ မြို့နယ်ပညာရေးမှူးဖလား အသက်()နှစ်အောက် ကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ(ဆီမီးဖိုင်နယ်) ပွဲစဉ်များကို ဒီဇင်ဘာ ၁၀ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။

သူရအောင်(နမ့်စန်)