မိုင်းရှူး ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ ရွေးချယ်ရေးဆိုင်ရာလုပ်ငန်း များကို ဒီဇင်ဘာ ၅ ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ကိုယ်ကာယကြံ့ခိုင်ရေး စွမ်းရည်စစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်အားကစားကွင်းအတွင်း ဆောင်ရွက်ခဲ့သည်။
ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်ရေး စွမ်းရည်ယှဉ်ပြိုင်နေမှုကို ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှနည်း စနစ်မှူးတို့က ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး လူရည်ချွန်ရွေးချယ်ရေး ကိုယ်ကာယကြံ့ခိုင်ရေး စွမ်းရည်စစ်ဆေးခြင်းတွင် အပြေးမီတာ ၁၀၀ (ကျား/မ)၊ လက်ထောက်မှောက်တွန်းတင်၊ ရပ်လျက်အလျားခုန်၊ အိပ်ထမတင်၊ အပြေး မီတာ ၈၀၀ (ကျား)နှင့် မီတာ ၄၀၀ (မ) စုစုပေါင်း(၅)မျိုးယှဉ် ပြိုင်ရမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အ.ထ.က၊ အ.ထ.က (ခွဲ)၊ အ.လ.ကရှိ Grade-9 ၊ Grade-10၊ Grade-11 နှင့် Grade-12 တို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)