မက်မန်း ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်များရွေးချယ်နိုင်ရေးအတွက် အားကစားနှင့်ကိုယ်ကာယကြံ့ခိုင်မှုပြိုင်ပွဲများကို ယနေ့ နံနက် ၈ နာရီအချိန်က မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပလျက်ရှိသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မြို့နယ်အဆင့် လူရည်ချွန်ပြိုင်ပွဲကျင်းပ၍ ဘက်စုံထူးချွန်သော ကျောင်းသား/ကျောင်းသူများအား မြန်မာစာ၊ အင်္ဂလိပ်စာများအပြင် အားကစားနှင့် ကိုယ်ကာယကြံ့ခိုင်မှုတွင် ထူးချွန်သူများကိုလည်း ယှဉ်ပြိုင်ရွေးနိုင်ရေးအတွက် အားကစားပြိုင်ပွဲများကို မက်မန်းမြို့ မြို့မအားကစားကွင်း၌လည်းကောင်း၊ ကိုယ်ကာယကြံ့ခိုင်မှုပြိုင်ပွဲများကို မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း ပြိုင်ပွဲများ ကျင်းပလျက်ရှိသည်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အားကစားနှင့်ကိုယ်ကာယကြံ့ခိုင်မှုများတွင် ထူးချွန်သော ကျောင်းသား/ကျောင်းသူများအား ဘက်စုံထူးချွန်သူများအဖြစ် ရွေးချယ်၍ လူရည်ချွန်ဆုများကို ချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည်။ အဆိုပါထူးချွန်သူများအား ရှမ်းပြည်နယ်အတွင်းကျင်းပသော လူရည်ချွန်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိအောင်ထံမှ သိရသည်။
စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)