စဉ့်ကူးမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး လူတွေ့ စစ်ဆေး

စဉ့်ကူး    ဒီဇင်ဘာ   ၈

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး လူတွေ့စာမေးပွဲကို ယမန်နေ့နေ့လယ် (၁)နာရီအချိန်က စဉ့်ကူးမြို့ အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါ လူရည်ချွန်ရွေးချယ်ရေး လူတွေ့စစ်ဆေးရာတွင် မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင် ဦးဆောင်မှုဖြင့် စဉ့်ကူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းကိုဦးနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများက မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် အလယ် တန်းကျောင်းများမှ Grade-9 ၂၃ ဦး၊ Grade-10 ၁၂ ဦး၊ Grade-11 ၁၀ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၅၄ ဦးတို့အား လူတွေ့ စစ်ဆေးမေးမြန်းခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး ဒီဇင်ဘာလ (၈)ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းတို့အား ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)