မဟာအောင်မြေ ဒီဇင်ဘာ ၈
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ရပ်ကွက်သူရပ်ကွက်သားများ ကြီးမှူးကျင်းပသော တတိယအကြိမ် စုပေါင်းမဟာဘုံကထိန်အား ယမန်နေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းမဟာဘုံကထိန်ကို ဒေးဝန်းအရှေ့ရပ်ကွက် ပထမရွှေအင်ပင် ကျောင်းတိုက်အတွင်းရှိ ဆရာတော်၊သံဃာတော်များအား "ကထိန်လျာမြတ်သင်္ကန်း" ဆက်ကပ်ကပ်လှူဒါန်း ပေးခဲ့ရာ စုပေါင်းမဟာဘုံကထိန်ကို ရှမ်းပြည်နယ် ဓားစောဖေ (ရှမ်းသိုင်းအဖွဲ့)မှ ရှမ်းရိုးရာအကများဖြင့် ကူညီပါဝင်သီဆိုကပြ၍ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး စုပေါင်းမဟာဘုံကထိန်အား မြသပိတ်၊ သင်္ကန်း၊ ထီး၊ ဖိနပ်၊ စောင်၊ မွေ့ရာ၊ တံမြက်စည်း စသည့်လှူဖွယ်ပစ္စည်း တန်ဖိုး (၇,၂၂၈,၁၀၀)ကျပ်နှင့် ဝတ္ထုငွေ(၁၄,၉၅၀,၀၀၀)ကျပ် စုစုပေါင်း (၂၂,၁၇၈,၁၀၀)ကျပ်အား မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝါသေဌဘိဝံသနှင့် "ပထမရွှေအင်ပင်" ကျောင်းတိုက်အတွင်းရှိ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား (၇-၁၂-၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် ဆက်ကပ်လှူဒါန်းပြီး ကထိန်အနုမောဒနာတရားတော်တို့ကို မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝါသေဌဘိဝံသမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦကျော်ကျော်ဝင်းမိသားစုနှင့် ကြွရောက်လာသော ရပ်ကွက်သူ၊ ရပ်ကွက်သားများအား ရေစက်ချတရားတော်အားချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း