ပုံပါကျင်မြို့ လူထုအ‌ခြေပြုဗဟိုဌာနတွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကျင်းပ

ပုံပါကျင် ဒီဇင်ဘာ ၈

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့တွင် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီက ပုံပါကျင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြောပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အိအိဖြိုးက ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အခြေခံပညာအထက်တန်းကျောင်း (ပုံပါကျင်) မှ  ကျောင်းသား၊ ကျောင်းသူ (၁၀) ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူတို့က ဂုဏ်ပြုဆုလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် အမျိုးသားနေ့အထိမ်းအမှတ် အသိပညာပေးအကြောင်းအရာများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌‌ရေးဦးစီးဌာန ၀န်ထမ်းများက အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေး ခဲ့ကြကြောင်း သိရသည်။

အိအိဖြိုး(ပုံပါကျင်၊ ပြန်/ဆက်)