မိုးကောင်း ဒီဇင်ဘာ ၈
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ အ.ထ.က(၁) ကျောင်းမဉ္ဇူသကခန်းမ၌ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီတွင် ကျင်းပသည်။
အခမ်းအနားကို မူလွန်-အရှေ့ရပ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ နိုင်ငံတော်ဝန်ကြီးချုပ် ဦးမင်းအောင်လှိုင်ထံမှ ပေးပို့သော (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာကို ဖတ်ကြားသည်။
ဆက်လက်၍ ကျောင်းပေါင်းစုံ မူလတန်းအဆင့် ကျောင်းသားကျောင်းသူများက “ထိန်းသိမ်းစို့လေ အမျိုးသားအမွေ” ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ကြပြီး အ.မ.က-အလယ်ရပ် ကျောင်းသား၊ ကျောင်းသူများက တောင်ယာဝင်ချိန် တေးသီချင်းဖြင့် ကပြဖျော်ဖြေကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)