ကမမောင်းမြို့တွင် (၁ဝ၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ကမမောင်း ဒီဇင်ဘာ ၈

၂ဝ၂၃ ခုနှစ်၊ (၁ဝ၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့   ဆောင်ပုဒ်ဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ဆောင်ပုဒ်နှင့်အညီ (၁ဝ၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က အ.ထ.က(ကမမောင်း) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ    ဖာပွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးမင်း၊ ဖာပွန်မြို့နယ် ပညာရေးမှူး    ဦးဇော်ဝင်းလှိုင်၊ဖာပွန်မြို့နယ် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစိုး၊ ကမမောင်းမြို့အုပ်ချုပ်ရေးမှူး ဦးသန်းလင်း၊ ကမမောင်းနယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းကြိုင်၊ ကမမောင်းမြို့ ပြည်သူ့ဆေးရုံမှ တိုက်နယ်ဆရာဝန် ဒေါက်တာဆုရဲထက်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ အ.ထ.က(ကမမောင်း) အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်းပြ ဆရာ၊ ဆရာမများက “ဇာတိမာန်” တေးသီချင်းဖြင့်  အခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊     နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ  မင်းအောင်လှိုင်ထံမှ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို ဖာပွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးမင်းက ဖတ်ကြားခဲ့သည်။

ထို့နောက် (၁ဝ၃) နှစ်မြောက်     အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်     အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ စာစီစာကုံး၊ ကဗျာနှင့်ပန်းချီပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသား၊ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အထက်တန်းပြ ဆရာ၊ ဆရာမများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)