ဆီဆိုင်မြို့နယ်၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အသိပညာပေး နံရံကပ်စာစောင်၊ ဓါတ်ပုံ၊ စာအုပ်စာစောင်ပြပွဲနှင့်ဟောပြောပွဲ ပြုလုပ်

ဆီဆိုင် ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အသိပညာပေး နံရံကပ်စာစောင်၊ ဓါတ်ပုံ၊ စာအုပ်စာစောင်ပြပွဲနှင့်ဟောပြောပွဲကို ဒီဇင်ဘာ ၆ရက်နေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်နွေးနွေးယုက အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် စာအုပ်စာပေ ဖတ်ရှုခြင်းဖြင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူးများကို ဆွေးနွေးဟောပြောပြီး (၁၀၃)နှစ်မြောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်၊ ဓါတ်ပုံနှင့်စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။    

မျိုးမြတ်(ဆီဆိုင်)