မန္တလေး ဒီဇင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ကကြီးမှူးကျင်းပသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ချမ်းအေးသာစံမြို့နယ် မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မင်းက ဂုဏ်ပြုအဖွင့် အမှာစကားပြောကြားသည်။
ထို့နောက် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ (၁၆)ရက်တာလှုပ်ရှားမှု့ အထိမ်းအမှတ် (Video Clip) ပြသခြင်း၊ အမျိုးသမီးသက်မွေးအတတ်ပညာကျောင်းရှိ အမျိုးသမီးများက တေးသရုပ်ဖော်အကများဖြင့် ကပြဖျော်ဖြေခြင်း၊ အမျိုးသမီးကလေးများကျောင်းရှိ အမျိုးသမီးငယ်လေးများက တေးသရုပ်ဖော်အကများဖြင့် ကပြဖျော်ဖြေခြင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနရှိ အမျိုးသမီးများက တေးသရုပ်ဖော်အကများဖြင့် ကပြဖျော်ဖြေခြင်းအစီအစဉ်များဖြင့် တင်ဆက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)