ကွန်ဟိန်း ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားအား ယမန်နေ့နံနက် (၉:၀၀)နာရီ အချိန်ခန့်က အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အလက(ခွဲ)မ-၁ ကျောင်းသား ကျောင်းသူလေးများက ဇာတိမာန်သီချင်း သီဆိုပြီး အခမ်းအနား ဖွင့်လှစ်ခဲ့ပါသည်။ ထိုနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၁၀၃)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဝင်းနိုင်က ဖတ်ကြားခဲ့သည်။
ယင်းနောက် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်း ၊မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ကျပန်းပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး အထက(ကွန်ဟိန်း) ကျောင်းသား ကျောင်းသူလေးများက ထာဝရသစ္စာ သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ကျောင်းသား ကျောင်းသူများအား (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)