ကော့သောင်းမြို့တွင်  (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ

ကော့သောင်း ဒီဇင်ဘာ ၈

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့တွင်ကျရောက်သည့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ အမှတ်(၁)အခြေခံအထက်တန်းကျောင်းရှိ မြတ်ရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို (အ-ထ-က-၁)ကျောင်းမှ ကျောင်းသား/ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရီသုဓမ္မမင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးအောင်ချိုက ဖတ်ကြားခဲ့သည်။

ဆက်လက်၍ (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်အဆင့်အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့်  စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင်ဆုရရှိကြသည့် ကျောင်းသား၊ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။ ယင်းနောက် အ.ထ.က(ခွဲ) အ.လ.က(၂)ကျောင်းမှ ကျောင်းးသား၊ကျောင်းသူလေးများက "မြန်မာ့ကျောင်း"သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူးနှင့် ပညာရေးဌာနမှတာဝန်ရှိသူများ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်